နောင်ချို မတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့်ဝန်ထမ်းများ၊ ကြိမ်ဂနိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လိုက်ပါကာ အသားနှင့် ဥထုတ်လုပ်သော ကြက်မွေးမြူရေးခြံများအား မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွက် လိုအပ်ချက်များ၊ အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အများပြည်သူ စားသုံးမှုဘေးကင်းလုံခြုံစေရေးအတွက် မြို့မဈေးအတွင်းရောင်းချနေသော အသားအရောင်းဆိုင်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် စည်ပင်အမှုဆောင်အရာရှိတို့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်