နတ်တလင်း မတ် ၂၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံ ကျေးရွာအုပ်စု၊ ကြခတ်ဝါးရုံရှိ ကွင်းအမှတ်(၂၆၀) စနစ်ကျလယ်မြေ (၉၈)ဧက၌ နွေစပါးစိုက်ပျိုးထားရှိမှုအား ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၅)စက်မှုလယ်ယာစခန်းမှ ဆောင်ရွက်ထားသည့် တောင်သူ (၁၇)ဦးပိုင်ဆိုင်သည့် စက်မှုလယ်ယာစနစ်ကျလယ်မြေ(၉၈)ဧက ကွင်းအမှတ်(၂၆၀)တွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင် ရာတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)