သင်္ဃန်းကျွန်း မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သု၀ဏ္ဏ စက်ဘီးလေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်ဖွင့်ပွဲအခမ်းအနားနှင့် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် ၆:၅၅ အချိန်က သု၀ဏ္ဏဘောလုံးကွင်း ပတ်လမ်း ရှိ စက်ဘီးလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှုးကြီး ၀င်းတင့်၊ စည်ပင်သာယာရေး၀န်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာ ၀န်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်၊ လမ်းပန်းဆက်သွယ်ရေးရာ၀န်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောဂျက် ကော့ထူး၊ ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံစက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌ ဦးကိုကြီးနှင့် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၀င် (၁၀၀)ဦးခန့်တက်ရောက်ခဲ့သည်။
၂၀၂၄ ခုနှစ်(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သု၀ဏ္ဏ စက်ဘီးလေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်အား ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့စည်ပင်သာယာရေး၀န်ကြီး ဦးဗိုလ်ဌေး၊ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံစက်ဘီး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး စက်ဘီးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)