မှော်ဘီ မတ် ၂၇
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။
ဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာရပ်မိရပ်ဖဦးတင်ထွန်း အောင်ကကျေးဇူးတင်စကားပြန်လည်၍ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစောမာနိုးနှင့် ကျေးရွာမြစိမ်းရောင်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်တို့က ကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြပြီး ကွန်ကရစ်လမ်းသစ်ကို ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့်မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများကလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းကိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်(၁၅၀)သိန်း၊ မြစိမ်းရောင် စီမံကိန်းအတိုးရငွေကျပ်(၆၄) နှင့်ပြည်သူထည့်ဝင်ငွေကျပ်(၁၀)သိန်း စုစုပေါင်း ငွေကျပ်(၂၂၄)သိန်းဖြင့် လမ်းအရှည်(၁၀၈၅)ပေ၊ အကျယ် (၈) ပေ၊ ဒု(၆)လက်မကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ (၁၂၀)အိမ်ရှိ လူဦးရေ (၅၀၀)ကျော် တို့မှာရာသီမရွေး သွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)