ကော့မှူး၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ

ကော့မှူး မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၄နာရီက အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ကျင်းပခဲ့‌ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ဆရာမ ဒေါ်ဖူးမြတ်သွယ်တို့က ပြောကြားရာတွင် ပညာဆိုသည် မတက်ထားသင့်သည့် ပညာမရှိကြောင်း၊ နွေရာသီကျောင်း ပိတ်ရက်အတွင်း ပညာလိုစိတ်ရှိရှိဖြင့် သင်တန်းပြီးဆုံးအောင် တက်ရောက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး စကားဖြစ်သည့်အတွက် အစဉ်အမြဲ လေ့ကျင့်ရန်လိုကြောင်း သင်တန်းနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ (Book Club) အဖွဲ့ဝင်များသင်တန်း ဆရာမနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ  (ပြန်/ဆက်)