သတင်းများ

ကန့်ဘလူ၌ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မဥစားကြက်မွေးမြူသူလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မဥစားကြက်မွေးမြူရေးဇုန်ရှိ ကြက်မွေးမြူသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကြက်မွေးမြူရေးဇုန်ရှင်းလင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့ ဝင်းစိန်တောရကျောင်းရှိ “စက္ကရတန” နဂါးရုံဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Apr 01,2024
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကေသရအားဦးထိပ်ပန်ဆင်၍ “စက္ကရတန ” နဂါးရုံဘုရားကြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
မိုင်းခတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 01,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မိုင်းခတ်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှမြို့၌ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာမဟာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက မင်းလှမြို့ပေါ်၌ လှည့်လည်အပူဇော်ခံခဲ့ပြီး နံနက်(၈)နာရီတွင် မြို့နယ်ခန်းမ၌ အပူဇော်ခံမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ကျွန်းလှ၌ နွေစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြ
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ လယ်မြေ (၅) ဧက၌ ကျင်းပကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဆင်ပေါင်ဝဲမြို့မစျေးအတွင်း ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဧပြီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ရွာငံမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ရွာငံ)ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။