မိုင်းခတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မိုင်းခတ် ဧပြီ ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မိုင်းခတ်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းသားများမှ ကွင်းအတွင်းနေရာယူကာ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ အားကစားနည်းအလိုက် သင်တန်းထူးချွန်ဆုများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ‌ ပေးအပ်ချီးမြှင့်ပြီး ဘောလုံး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုအားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက စားပွဲတင်တင်းနစ်နှင့် တိုက်ကွမ်ဒိုအားကစားနည်းများအား သရုပ်ပြသခြင်း၊ အေရိုးဗစ်အကနှင့် Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေခဲ့သည်။ 

အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)၊ (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အားကစားဝါသနာရှင် ဦး‌အောင်သန်းမှ စားပွဲတင်တင်းနစ်အားကစားနည်း အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးကျော်ဌေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)