မိတ္ထီလာ ဧပြီ ၂
မိတ္ထီလာမြို့နယ်၌ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၁)နှစ်မှ အသက်(၅)နှစ်အရွယ်ကလေးငယ်များအား Catch-up အမှီလိုက်နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ကျန်းမာရေးဌာနနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ချမ်းသာ