ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၌ စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၌ စာအုပ်လှူဒါန်းပွဲကိုယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် စာရေးဆရာရွှေအိုလတ်မြန်မာပြန်ဆိုရေးသားသော “ဟေဒါအလီယက်အဇာဘိုင်ဂျန်၏ မကြွေသည့်ကြယ်” စာအုပ်လှူဒါန်းရခြင်းရည်ရွယ်ချက်ကို အလှူရှင်ဦးကိုကိုလတ်(ရွှေအိုလတ်) KK Business Group က ရှင်းလင်းပြောကြားပြီး စာအုပ်များကိုပေးအပ်လှူဒါန်းရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)ညွှန်ကြားရေးမှူးဦးမြင့်ဆွေက လက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါပေးအပ်လှူဒါန်းခဲ့သည့် စာရေးဆရာရွှေအိုလတ် မြန်မာပြန်ဆိုရေးသားသော”ဟေဒါအလီယက်အဇာဘိုင်ဂျန်၏ မကြွေသည့်ကြယ်” စာအုပ်မှာအုပ်ရေ(၆၀၀)ဖြစ်ပြီး တန်ဖိုးငွေကျပ်ငွေကျပ်(၉,၀၀၀,၀၀၀/-)တန်ဖိုးရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)