ငါ့သရောက် ဧပြီ ၂
ပွင့်လင်းရာသီရောက်ရှိနေပြီး ဖြစ်ပြည်သူများ မီးဘေးအန္တယ်ရာယ်ကင်းဝေးစေရေး၊ မီးသတိပြု၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ငါ့သရောက်မြို့အတွင်း၊ ကျေးရွာများတွင် မြို့မီးသတ်အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းလှိုင်နှင့်တပ်ဖွဲ့ဝင်များက ငါ့သရောက်မြို့အတွင်းရှိ မိဘပြည်သူ များနေဖြင့် မိမိတို့နေအိမ်များတွင် မီးဘေးအန္တယ်ရာယ်များ မဖြစ်ပွား မပေါ်ပေါက်စေရေး၊ ပြည်သူများ ပေါ့ဆစွာ သုံးစွဲခြင်းမှ ရှောင်ကြဥ်ရန်နှင့် မီးစနစ်တကျသုံးစွဲတတ်စေရန် မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများ မထားရှိစေရန် အရေးပေါ် ဖြစ်ပွားလာပါက ချက်ချင်းသတင်း ပေးပို့နိုင်ရေးနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များအား သိရှိစေရန် ကျေးရွာများအတွင်း မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
မြို့အတွင်းကျေးရွာများတွင် မီးဖိုအသုံးပြုသည့်နေအိမ်များ အခြားမီးသုံးစွဲသည့်နေအိမ်များမီးများ စနစ်တကျသုံးစွဲမှု ရှိ/မရှိ စစ်ဆေး၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့်နည်းလမ်းများ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရ မည့်နည်းလမ်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)