မဟာအောင်မြေ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ဓမ္မာစရိယစာမေးပွဲများကို အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း၌ မတ်လ(၂၈)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့မွန်းတည့်ချိန်တွင် ကျမ်းအားလုံး ဖြေဆိုပြီးစီးသွားပြီဖြစ်သည်။
အဆိုပါစာမေးပွဲကို မြို့နယ်အတွင်းရှိစာသင်တိုက်များမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျမ်းတစ်ခုကို (၂) ရက်နှုန်းဖြင့် (၆) ရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓမ္မာစရိယစာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ နိုင်ငံတစ်ဝန်း၌ နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ မဟာအောင်မြေမြို့နယ်တွင် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပါရာဇိက(ပထမနေ့)တွင် စာရင်းရှိ ၁၁၃၃ ပါးအနက် ဖြေဆိုသံဃာတော် အပါး ၁၀၀၀၊ ပျက်ကွက်သံဃာ ၁၃၃ ပါးဖြင့် ၈၈.၂၆%၊ ပါရာဇိက(ဒုတိယနေ့)တွင် စာရင်းရှိ ၁၁၃၃ ပါး၊ ဖြေဆိုသံဃာတော် အပါး ၉၉၀၊ ပျက်ကွက်သံဃာ ၁၄၃ ပါးဖြင့် ၈၇.၃၈%၊ သီလက္ခန္ဓ(ပထမနေ့) စာရင်းရှိ ၁၁၄၆ ပါး၊ ဖြေဆိုသံဃာတော် ၈၉၇ ပါး၊ ပျက်ကွက်သံဃာ ၂၄၉ ပါးဖြင့် ၇၈.၂၇%၊ သီလက္ခန္ဓ(ဒုတိယနေ့)တွင် စာရင်းရှိသံဃာ ၁၁၄၆ ပါးအနက် ဖြေဆိုသံဃာတော် ၈၅၉ ပါး၊ ပျက်ကွက်သံဃာ ၂၈၇ ပါးဖြင့် ၇၄.၉၆%၊ ဓမ္မသင်္ဂဏီ(ပထမနေ့) စာရင်းရှိသံဃာ (၈၉၇)ပါးအနက် ဖြေဆိုသံဃာတော် ၆၄၁ ပါး၊ ပျက်ကွက်သံဃာ ၂၈၃ ပါးဖြင့် ၆၈.၄၅%၊ ဓမ္မသင်္ဂဏီ(ဒုတိယနေ့) စာရင်းရှိသံဃာ ၈၉၇ ပါး၊ ဖြေဆိုသံဃာတော် ၅၉၄ ပါး၊ ပျက်ကွက်သံဃာ ၃၀၃ ပါးဖြင့် ၆၆.၂၂% ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့များ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း