ကျောက်ဆည် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီနှံဖူလုံပိုလျှံရေး နွေး၊ မိုး၊ ဆောင်း ရာသီအလိုက် စီမံကိန်းများချမှတ်ပြီး လျာထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်၊ ကန်၊ တူးမြောင်းများအလိုက် နွေနှမ်း (၃၀၅၄၂)ဧက လျာထားစိုက်ပျိုးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲမြောင်းရေဖြင့်(၁၈၈၆)၊ သင်းတွဲ မြောင်းရေဖြင့်(၂၉၄၆)ဧက၊ ငပြောင်မြောင်းရေဖြင့်(၂၃၃၄)ဧက၊ ဇီးတောမြောင်းရေဖြင့်(၄၂၀)ဧက၊ နွားတက် မြောင်းရေဖြင့် (၁၁၂၁၃)ဧက၊ တမုတ်မြောင်းရေဖြင့်(၃၉၄၄)ဧက၊ အထက်လင်းဇင်းမြောင်းရေဖြင့် (၆၅၀)ဧက၊ ကင်းတားဆည်ရေသောက်စနစ် သင်းဒီးမြောင်းရေဖြင့်(၄၅၅၉)ဧက၊ ထုံးကြီးမြောင်းရေဖြင့်(၂၈၀)ဧက၊ စမာမြောင်းရေဖြင့်(၂၃၃၀)ဧက စုစုပေါင်း(၃၀၅၄၂)ဧကလျာထားစိုက်ပျိုးလျက်ရှိ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီနှံများ စိုက်ပျိုးရာတွင် ကျဲပက်စနစ်၊ တန်းဆွဲစနစ်၊ ဘောင်ကြီးတင်စနစ်များဖြင့် စိုက်ပျိုးကြပြီး နှမ်းစိုက်ခြင်းများအောင်မြင်ဖြစ်ထွန်းရေး ကျောက်ဆည်ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး သီးနှံများအောင်မြင်ရေး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သောမျိုးစေ့များ စိုက်ပျိုးစေပြီး စိုက်နည်းစနစ်များနှင့် အပင်ပြုစုရေး နည်းလမ်းများနှင့် လိုအပ်ချိန်တွင် လိုအပ်သလောက် သွင်းအားစုများထည့်သွင်းရေး စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)