လင်းခေး ဧပြီ ၇
ပြန်ကြားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းနှင့် သတင်းရေးသားနည်းသင်တန်းကို ဧပြီ(၅)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်း သင်ခန်းစာများသင်ကြားခြင်းမပြုမီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားပေးခဲ့ပါသည်။
ဆက်လက်ပြီး ခရိုင်ဦးစီးမှူးက ရုံးစာရေးသားနည်း ဘာသာရပ်ဆိုင်ရာသင်ခန်းစာများအား (၅-၄-၂၀၂၄) ရက်နေ့မှ (၇-၄-၂၀၂၄)ရက်နေ့အထိ ၃ ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် လင်းခေးခရိုင်ရုံးမှ (ဓာတ်ပုံကျွမ်းကျင်-၂)တို့က သတင်းရေးသားနည်းဆိုင်ရာသင်ခန်းစာများအား (၈-၄-၂၀၂၄)မှ (၁၀-၄-၂၀၂၄) ရက်နေ့အထိ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရှိရပါသည်။
သင်တန်းသို့ လင်းခေးခရိုင်အတွင်းရှိ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် မြို့ရုံးအသီးသီးမှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း(၂၂)ဦးတို့ တက်ရောက်လျက်ရှိကြောင်း ခရိုင်ပြန်/ဆက်ဦးစီးဌာနရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)