ကျိုက်မရောမြို့နယ်တွင် စာသင်ဝိုင်း ၂၀၇ ဝိုင်းကို ဧပြီ ၆ ရက်မှ စတင်ဖွင့်လှစ်သင်ကြား

ကျိုက်မရော ဧပြီ ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား ၃၁၀၀ ဦးတို့အား စာသင်ဝိုင်း ၂၀၇ ဝိုင်းဖြင့် ဧပြီ ၆ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့ထိ ကျေးရွာအုပ်စု ၄၇ အုပ်စု၌ စာသင်ဝိုင်း (၂၀၇) ဝိုင်း၌ စာသင်သား ၃၁၀၀ ဦးတို့အား ကြီးကြပ်သူ ဆရာ၊ ဆရာမများက စတင်သင်ကြားပေးလျက်ရှိရာ အဆိုပါစာသင်ဝိုင်းများ၌ စာတတ်မြောက်ရေး လှုပ်ရှားမှုစတင်ဆောင်ရွက်နေမှုများကို မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည်ရှု အားပေးကာ လိုအပ်သည်များကို ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး