ကျိုက်လတ်မြို့၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေး

ကျိုက်လတ် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့်သူများ လူမှုဘဝမြင့်မားစေရန် ရည်ရွယ်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်သက်ကိုယ်တိုင် ကြီးကြပ်၍ အခြေခံပညာကျောင်းများတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် စာရင်းရှိ ကျား(၁၁၃)ဦး၊ မ(၄၁၁)ဦး၊ စုစုပေါင်း(၅၂၄)ဦး၊ တက်ရောက်သူ ကျား(၁၀၅)ဦး၊ မ(၃၈၀)ဦး၊ စုစုပေါင်း(၄၈၅)ဦး (၉၂.၅၆)ရာခိုင်နှုန်း တက်ရောက်ကြောင်း သိရသည်။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှ ထုတ်ဝေသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ အခြေခံ(မြန်မာစာ)ဘာသာရပ်နှင့် အခြေခံ(သင်္ချာ)ဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၃၁) ဦး၊ သင်တန်းကြီးကြပ်သည့် ဆရာမ (၄) ဦး တို့က ဧပြီလ(၈)ရက်မှ မေလ (၂၀) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ (၁၂) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)