သတင်းများ

လိပ်သိုမြို့၌ ဝါးနှင့်သဲ့ပြားများ ပြန်လည်အသုံးပြုမှု တိုးပွားလာ
Apr 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် လွန်ခဲ့သောနှစ်ကာလများက ကျေးရွာကြီးအဆင့်သာရှိခဲ့ရာ လူနေအိမ်များနှင့် အခြားလိုအပ်သော အဆောက်အဦငယ်များကို ဒေသထွက်သစ်ဝါးများဖြင့်သာ အဓိကတည်ဆောက်နေထိုင် အသုံးပြု ခဲ့ကြရာမှ (၂၀၀၈) ခုနှစ် ဇန်နဝါရီလတွင် မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီးနောက် လူနေအိမ်နှင့် အခြားလိုအပ်သော အဆောက်အအုံများကို ဆောက်လုပ်ရာတွင် သွပ်မိုး၊ အုပ်ညှပ်များဖြင့် ပြောင်းလဲတည်ဆောက်လာခဲ့ကြပြီး သစ်ဝါးများ အသုံးပြုမှုနည်းပါးခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကျင်းပ
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၁ နာရီချိန်တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ဇီးကုန်းမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာရေးနှစ်၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Apr 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဓမ္မဗိမ္မာန် ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြသည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Apr 09,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့တွင် အခြေခံစာတတ်‌မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး အခြေခံစာတတ်‌မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လောကမှန်ကူ သိဒ္ဓိရှင်ဆု တောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကာလျက်ရှိပြီး ဘုရားဖူးပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများ အား ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။