ဟုမ္မလင်းမြို့၌ မီးဘေးလုံခြုံရေး စာသင်ကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Feb 19,2024
ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့် ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နေလယ် (၁၂)နာရီ အချိန်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုကို ဟုမ္မလင်း ရပ်ကွက်ရှိ အ-မ-က (၁) ကျောင်းနှင့် ခိုပဲဝ ရပ်ကွက်ရှိ အ-မ-က (၂) ကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။