သတင်းများ

မိုင်းယောင်းမြို့တွင် မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေး ဩဝါဒခံယူပွဲကျင်းပ
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ကုက္ကိုလ်ပင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်းတွင် တပို့တွဲလ မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေးနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲနှင့် Youth Club၊Woman Club၊ အဖွဲ့တို့ ပူးပေါင်း၍ ဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဟင်္သာတ တက္ကသိုလ်၌ ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်များအလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်များအလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ကွင်းဆင်း၍ ဆွေးနွေးပွဲများ ကျင်းပခြင်းကို  ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့ နဂါးပွက်တောင် မဟာအတုလတိလောက ရာဇမုနိဆုတောင်းပြည့်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့တွင် မီးဘေးအသိနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်
Feb 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ်စိုးရိမ်ရသော ပွင့်လင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအသိနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ (၅) အချိန်မှ (၈) နာရီခွဲအချိန်ထိ လိုက်လံဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများ ဆောင်ရွက်ပေး
Feb 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန် ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏ စွမ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ နယ်မြေမီးသတ်စခန်း အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ မီးဘေးသတိမူစေရေးအတွက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။