သတင်းများ

ထားဝယ်မြို့တွင် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်
Feb 19,2024
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို (၂၁-၂-၂၀၂၄) ရက်နေ့မှ (၁၅-၃-၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ ကြီးမှူးကျင်းပသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဥ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမဆောင်တွင် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့မှ မဟာလောက မုနိန်မာရဇိန် ကြေးဆင်းတု မြတ်စွာဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီး
Feb 19,2024
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်က နောင်မြို့သည် သာယာ၀တီ မင်းလက်ထက် စုဆောင်းပြုစုခဲ့သည့် ပုသိမ်(၃၂) မြို့စာရင်းတွင် ကနောင်မြို့၏ အမည်ကို ကျိုက်တောမြို့၊ ကျိုက်တောသုံးဆိုင်မြို့၊ ကနောင်မြို့ ဟု ဖော်ပြထားပြီး အားလုံး မွန်စကားချည်းဖြစ်သည်။ “ကျိုက်တော” ဆိုသည်မှာ ဘုရားများဖြင့် သာယာစည်ကား သောမြို့ဟု အဓိပ္ပယ်ရှိပြီး“ကနောင်” ဆိုသည်မှာ ခနောင်းဝဲ(သြဃ) ဖြစ်သည်။ ကနောင်မင်းသားကြီး အပိုင်စားခဲ့သော ကနောင်မြို့တွင် ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာ ရှေးဟောင်းသမိုင်း၀င် စေတီ ပုထိုးများစွာရှိသည့်အနက် အမှတ်(၅)ရပ်ကွက်၊ ရိုက်စုရပ် ဘုရားကြီးကျောင်းတိုက်အတွင်း မဟာလောက မုနိန်မာရဇိန်ကြေးဆင်းတု မြတ်စွာဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီး လည်းပါ၀င်သည်။
လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းမြေပဲ ၆၄၆၃ ဧကနှင့် ဆောင်းပဲပုပ် ၃၄၂၇ ဧက စိုက်ပျိုးထားရှိ
Feb 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် တောင်သူများအနေဖြင့် ဆောင်းမြေပဲအပြင် ပြည်တွင်း၊ပြည်ပတွင် စျေးကွက်ရရှိသည့် ဆောင်းပဲပုပ်သီးနှံနှင့် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
Feb 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။