မိုင်းယောင်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ကုက္ကိုလ်ပင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်းတွင် တပို့တွဲလ မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေးနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဩဝါဒခံယူပွဲသို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဘဒ္ဒိယနှင့် ဆရာတော်သံဃာတော်များ၊ တပ်နယ်/တပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဂေါပကအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဘဒ္ဒိယထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး တပို့တွဲလ မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေးနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေး ဩဝါဒကထာများ နာယူကြည်ညိုပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)