ပိုင်ကျုံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန် ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်းနှင့် ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ တိုးတက်လာစေလာပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)