ညောင်ဦး ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေး ကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ (ပါမောက္ခ/ဌာနမှူး(ဆေးပညာ)၊ ပါမောက္ခ/ဌာနမှူး (ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ပါမောက္ခ/ဌာနမှူး (ရင်ခေါင်းဆေးကု)၊ ပါမောက္ခ/ဌာနမှူး (အစာအိမ်နှင့်အူလမ်းကြောင်း)၊ ပါမောက္ခ(ခွဲစိတ်) တွဲဘက်ပါမောက္ခ (နား၊ နှာခေါင်း၊ လည်ချောင်း)၊ ကထိက (ဆီးချိုနှင့်ဟော်မုန်း)၊ ကထိက (နှလုံးဆေးကု)၊ အထူးကုဆရာဝန်ကြီး (ဆီးချိုနှင့်ဟော်မုန်း)၊ အထူးကုဆရာဝန် (ဆီးနှင့် ကျောက်ကပ်ဆေးကု)၊ အထူးကုဆရာဝန် (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်) ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့သည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ ကွင်းဆင်းကုသပေးနေကြောင်း သိရသည်။
အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်း ဆေးကုသနေသည့် ဆရာဝန်ကြီးများနှင့် ဆေးလာရောက်ကုသသည့် လူနာများအား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ ကုသရေးဦးစီးဌာန (ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းနှင့်တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း