ဒေးဒရဲမြို့၌ ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်း၍ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက သကြားဟင်းအိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်တွင် မြို့နယ်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။