သတင်းများ

ပေါင်းတည်၌ ပဲတီစိမ်းစိုက်တောင်သူများစျေးကောင်းရရန် မျှော်လင့်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် စျေးကောင်းရရှိရန်လည်း မျှော်လင့်စောင့်စားနေကြကြောင်း သိရသည်။
ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲ ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့ အမှတ်(၁)အ.မ.က၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  Box Culvert များ တည်ဆောက်ပေး
Feb 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် Box Culverများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများပြုလုပ်
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သတင်းတု၊ သတင်းမှားနဲ့ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၊ မြို့မဈေးနှင့်မြဝတီရပ်ကွက် ရေဆိုးထုတ်မြောင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြို့မဈေးသန့်ရှင်းသာယာလှပရေးနှင့် မြဝတီရပ်ကွက်အတွင်း ရေဆိုးထုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး ဌာနဆိုင်ရာရုံးများ၌ လိုက်လံစစ်ဆေးခြင်းဆောင်ရွက်
Feb 16,2024
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်‌ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။