ဒေးဒရဲ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လမုဝကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်စည်များ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)ဖြင့် အောင်ပိုင်နေလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကျေးရွာဆိပ်ခံတံတား တည်ဆောက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးခြင်းကို ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် (၂၀၂၄)ခုနှစ် ဇူလိုင်လတတိယပတ်မှစတင်၍ ဆောက်လုပ်လျက်ရှိသည့် အရှည် (၂၀) ပေ၊ အကျယ် (၁၈)ပေ၊ အမြင့် (၁၂) ပေရှိ ကျေးရွာဆိပ်ခံတံတား ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆိပ်ခံတံတားပြီးစီးပါက လမုဝကျေးရွာရှိပြည်သူများ ဒေသထွက်ဆန်စပါးနှင့် စိုက်ပျိုးရေးသီးနှံများ ရေလမ်းခရီးဖြင့် စျေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း