၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲ ကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်၍ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အထက်တန်း ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲကို မန်နေ့နံနက် (၉)နာရီက မြန်မာစာဘာသာရပ် ပါဝင်သော အထွေထွေဗဟုသုတဆိုင်ရာဘာသာရပ်ကို ဖြေဆို‌ခဲ့ကြောင်းသိရသည်။ 

အဆိုပါဘာသာရပ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈၈)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးကီးလောဟာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြကြောင်း သိရသည်။

နေမျိုးအောင် (မြို့နယ် ပြန်/ဆက်)