ဖျာပုံမြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံကြီး အေအာတီဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာရူပါအေးမှ အေအာတီဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ပြည်ကြီးခင်အဖွဲ့မှ ဒေါက်တာဖြိုးမင်းသိန်းက ပြည်ကြီးခင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအ‌ခြေအနေများအား ရှင်းလင်းတင်ပြသည်။

အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် မိတ်ဖက်ပြည်ကြီးခင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင် ပြန်/ဆက်)