ကွန်ဟိန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre-CCC)နှင့် ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဒီဇင်ဘာလ (၁)ရက်နေ့ မှစတင်၍ ကွန်ဟိန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် စွမ်းအားမြင့် မီးဖိုများကိုဖြန့်ဖြူးပေးခြင်းကြောင့် လောင်စာထင်းသုံးစွဲမှုလျှော့ချ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်၊ ချက်ပြုတ်ရာတွင် လောင်စာထင်းသုံးစွဲမှု လျော့ချနိုင်ခြင်းဖြင့် ကာဗွန်ထုတ်လွှင့်မှုလျှော့ချနိုင်ရန်၊ စံပြကျေးရွာများတိုးချဲ့လုပ်ဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၉)အုပ်စု၊ ကျေးရွာ(၄၀)ရွာ၊ အိမ်ထောင်စုပေါင်း(၃၀၀၀)ကျော်အတွက် ဒုတိယအကြိမ် တစ်အိမ်ထောင်လျှင် စွမ်းအားမြင့် မီးဖို(၁)လုံး နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို ကွန်ဟိန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကွန်ဟိန်းမြို့နယ်ဦးစီးမှူး ဦးလေးဝင်းနှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး စွမ်းအားမြှင့်မီးဖိုသုံးစွဲမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)