ကျွန်းစုမြို့ ၌ မီးဘေးလုံခြုံရေး အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်‌နှိပ်ခြင်း ဆောင်ရွက်

ကျွန်းစု ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်နှိပ်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ကျွန်းစုမြို့ ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မီးဘေးလုံခြုံရေး အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ အပြင်မသွားမီ မီးသတိပြုရမည့် အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံ/နည်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ အချိန်မီ အကူအညီ တောင်းခံနိုင်ရန်အတွက် အရေးပေါ် ဖုန်းနံပါတ် (191) ပါဝင်သည့် စတေကာများကို‌ မော်တော်ယာဉ်များ၌  ကပ်နှိပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)