ပိုင်ကျုံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ သူများက ကျောင်းကမ္ဘာ့ဆင့်မီပညာရည်သီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိုးထွန်းမှ ကျောင်းတစ်ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘ/ ဆရာ စည်းလုံးညီညွတ်မှုရှိရန် လိုအပ်သည့်အချက်များကိုလည်းကောင်း၊ ပိုင်ကျုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကဏ္ဍများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဒေသကို ချစ်မြတ်နိုးသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ပိုင်ကျုံမြို့ မူ (လွန်) မိုးနိုင်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးခင်ဝင်းမှ ကျောင်းကော်မတီအဖွဲ့များ ကျောင်းသားမိဘများ ဆရာ/ မများသည် မိမိကျောင်းတော်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို စိတ်ရှည်၊ သည်းခံ၊ မေတ္တာစေတနာထားပြီး ဆောင်ရွက်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီး အမှာစကားပြောကြားပြီး မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးသူအားလုံးကို ပိုင်ကျုံမြို့ မူ(လွန်) မိုးနိုင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မူ(လွန်) မိုးနိုင်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)