ကျုံဒိုးမြို့၌ ယာဉ်အန္တရယ်ကင်းရှင်းစေရေးအတွက် ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်းများ ဖြန့်ဝေ

ကော့ကရိတ် ဒီဇင်ဘာ ၁၀

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများလျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်များစစ်ဆေးဆောင်ရွက်ရာတွင် ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ကော့ကရိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်မောင်းနှင်းသူ၊ မော်တော်ဆိုင်ကယ်စီးနှင်းသူ ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းရာတွင် လက်ကိုင်ဖုန်းမပြောရန်၊ အရှိန်ပြင်းပြင်းမမောင်းရန်၊ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်း၍ မှေးသိုင်းကြိုးတပ်ရန်၊ ယာဉ်မောင်းရာတွင် စိတ်ရှည်သည်းခံရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာနိုင်ရန် ပူးပေါင်းပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)