သတင်းများ

မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့ နံနက်(၉) နာရီက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုးမည်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် လမိုင်းခင်းနှင့်အခင်းသစ် စုစုပေါင်း(၂၀၄၄၅)ဧကကို  လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဟင်္သာတမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့​က မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်းများ၊ ဗလီများ ၊ သီလရှင်ကျောင်းများ ၊ဘုန်တော်ကြီးကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စျေးများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကျွန်းစုမြို့တွင် ရာဘာများ တရားမဝင်တင်ပို့မှု မရှိစေရေးအတွက် ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူများနှင့် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရာဘာများ တရားမဝင်တင်ပို့မှု မရှိစေရေးအတွက် ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူများနှင့် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသူများနှင့် မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ မိုင်းကြောင့်ကိုယ်အင်္ဂါ စွန့်လွှတ်လိုက်ရသူများပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ရာဘာများ တရားမဝင်တင်ပို့မှု မရှိစေရေးအတွက် ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူများနှင့် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရာဘာများ တရားမဝင်တင်ပို့မှု မရှိစေရေးအတွက် ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူများနှင့် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့များနှင့် စာရေးဆရာ​​​​​ချစ်နိုင်(စိတ်ပညာ)၏ “​​နေ့သစ်တိုင်းဟာအောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀း၀၀နာရီအချိန်က စာရေးဆရာ​​​​ချစ်နိုင် (စိတ်ပညာ)ရေးသားသည့်​​​ “နေ့သစ်တိုင်းဟာ​အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။