ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့များနှင့် စာရေးဆရာ​​​​​ချစ်နိုင်(စိတ်ပညာ)၏ “​​နေ့သစ်တိုင်းဟာအောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရေတာရှည် ​ဖေ​ဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀း၀၀နာရီအချိန်က စာရေးဆရာ​​​​ချစ်နိုင် (စိတ်ပညာ)ရေးသားသည့်​​​ “နေ့သစ်တိုင်းဟာ​အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်မှ စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးနှင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “​​ခွန်အား​လေးပါး”​ ခေါင်းစဥ်ဖြင့်လည်း​ကောင်း (Book Club) အဖွဲ့ဝင် ဦးမြင့်ဦး​က “သတိရှိကြ​စေချင်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးငွေစိုးမှ “လူဆိုသည်မှာ”ကိုလည်းကောင်း (Woman Club) အဖွဲ့၀င် ​မ​အေးမြနိုင်မှ​ “ပူပင်စရာမရှိ”ကိုလည်းကောင်း တက်ရောက်လာကြ​သော ​(Book Club) အဖွဲ့ဝင်များက ခေါင်းစဥ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာဗဟုသုတများ စသည်တို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

​ရေတာရှည်(ပြန်/ဆက်)