မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ Pfizer ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး
Feb 14,2024
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ် ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး၌ Pfizer ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။