မိုင်းဖြတ်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက နမ့်ပန်ကျေးရွာအုပ်စု မိုင်းဝီးစေတီ-နမ့်ဖက်ကျေးရွာချင်းဆက် မြေသားလမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဆန်းညွှန့်ဆွေနှင့် ဝန်ထမ်းများ၊ တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းရွှေတို့သည် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးဌာန၏ ပြည်နယ်အစိုးရန်ပုံငွေ (၉၆.၈၂၆) သန်းဖြင့် တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဝီးစေတီ-နမ့်ဖက်ကျေးရွာချင်းဆက်လမ်း (၁/၆) မိုင်အတိုင်းအာတာရှိ မြေသားလမ်းဖောက်လုပ်ခြင်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မိုင်းဝီးစေတီကျေးရွာနှင့် နမ့်ဖက်ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအပြင် နမ့်ပန်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ (၇) ရွာမှ အိမ်ခြေ (၃၁၉) နှင့် လူဦးရေ (၁၅၄၀) ဦးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)