မြို့သစ် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေပင်ရိုး-ပုဂံမျော်ကျေးရွာ ကုန်ထုတ်လမ်း(တောင်တွင်း-မြို့သစ်-နတ်မောက်လမ်းသို့ ဆက်သွယ်ထားသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဇန်နဝါရီလဆန်းပိုင်းက စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးလက်လမ်းဆောင်ရွက်ရာသို့ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိနှင့်အဖွဲ့က ကြပ်မတ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေပင်ရိုး-ပုဂံမျော် (တောင်တွင်း-မြို့သစ်-နတ်မောက်လမ်းသို့ ဆက်သွယ်ထားသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် ၀/(၆.၁၃)မိုင်၊ Level အနိမ့်အမြင့် မညီညာသော နေရာများတွင် Levelling ဆောင်ရွက်ခြင်း (50-100 mm)ခွဲကျောက်ဖြင့် (4.27m) အကျယ်(150mm) ထုSubbase)ခင်းခြင်း၊ (3.66m)အကျယ် (1.75 mm) ထုကွန်ကရစ်လမ်းခင်းခြင်း၊ (225 mm) ထုအမာခံ လမ်းပုခုံးတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု ပြီးစီးသွားပြီဖြစ်၍ စည်သာ၊ ပေပင်ရိုး၊ ပုဂံမျော်ကျေးရွာရှိ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့ကာ၊ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)