မိုင်းယောင်းမြို့နယ်၌ ဆွမ်းဆန်တော်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

မိုင်းယောင်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့နံနက် ၁၁ နာရီခွဲက မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဆရာတော်အား ဆွမ်းဆန်တော်နှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မွန်းလွဲ ၃ နာရီတွင် ၎င်း၏ရုံးခန်း၌ မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာ ဦးအိုက်အွန်ခမ်းက သဲထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီဖြစ်စေရေး ချပြရှင်းလင်းခြင်းကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)