သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၇/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်
Feb 14,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည်မြို့တွင် ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများ၏ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ရဟန်းရှင်လူပြည်သူများအား အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုများဆောင်ရွက်ပေး
Feb 14,2024
ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများ၏ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်၌ ယမန်နေ့နံနက်ပိုင်းကစ၍ ဒေသတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြသကြသော ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိအတွင်းတိမ်စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
လပွတ္တာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင် စာမေးပွဲများနှင့် Grade-12 အောင်ပွဲဝင်စာမေးပွဲများ တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ဒုတိယနေ့)အဖြစ် အင်္ဂလိပ်စာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများမှလည်း အောင်ပန်းဝင် စာမေးပွဲများဆက်လက်ဖြေဆိုလျက်ရှိသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက စစ်တုရင်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်း(၅)ခု အခမဲ့ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်
Feb 14,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အားကစားသင်တန်း(၅)ခုကို ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
တမူးမြို့တွင် စားဖို​ဆောင်သီးနှံများ တနိုင်တပိုင် စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး​မြို့နယ်အတွင်းရှိ ဒေသခံအများစုသည် မိမိတို့ခြံဝန်းအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဥ်၊ သခွား၊ ရုံးပတီ၊ ခရမ်းသီး၊ ချဥ်ပေါင်၊ ဗူး၊ ဆလပ်၊ ကန်ဇွန်းရွက်၊ နံနံ၊မုံညှင်း၊ ခဝဲ စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။