မုံရွာ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူ(၅၀)ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးရန်ပုံငွေ (၁၈.၁၇၄) သန်းဖြင့် အခြေခံစက် ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ မုန့်မျိုးစုံထုတ်လုပ်နည်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင် တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုသင်တန်း၊ အခြေခံပန်းအလှပြုပြင်နည်းသင်တန်းများ ကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ဟုမ္မလင်း၊ ခန္တီး၊ လဟယ်မြို့များတွင် သင်တန်း အမျိုးအစားပေါင်း (၁၁)မျိုးကို သင်တန်းသား/သူ(၂၈၂)ဦးဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံ ရိပ်ကို ဖန်တီးပေးရာတွင် လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် အလွန်အ ရေးကြီးသည့်အတွက် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များဖြစ်ပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်စွမ်းအားကို အထောက်အကူဖြစ်စေသည့် လူငယ်၊ လူရွယ် နှင့် ကလေးများကို အလုပ်သမားများအဖြစ် အသုံးပြုမှုများရှိနေပါကြောင်း၊ ပညာရေးလက်လှမ်း မီခြင်းသည် ကလေးများကို လုပ်ငန်းခွင်သို့ စောစီးစွာ ရောက်ရှိမသွားစေနိုင်ခြင်းနှင့် နည်းပညာ နှင့် သက်မွေးပညာများ တတ်မြောက်ခြင်းအားဖြင့် ကလေးများ၏ လုပ်ငန်းကျွမ်း ကျင်မှုအရည် အသွေးများ တိုးတက်လာစေပြီး သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်များအတွက် ပိုမို ကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှာဖြစ်သောကြောင့် ကျောင်းပြင်ပ ရောက်နေကြ သည့် ကလေးများ၏ ပညာရေးလက်လှမ်းမီစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များ၊ နည်းပညာနှင့် သက်မွေးပညာ အစီ အစဉ်များအား ပိုမိုဆောင်ရွက်ပေးမှာဖြစ်သောကြောင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဒေသနှင့် ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုသင်ကြားပေးမည့် အခြေခံစက်ချုပ် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသော နည်းပညာရပ်များအား စိတ်ပါဝင်စားစွာ နာယူမှတ်သားပြီး သင်တန်းမှ လေ့ကျင့် သင်ကြားပေးလိုက်သော ပညာရပ်ဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်များ၊ မိမိတို့ဘဝ လုံခြုံမှု အတွက် အထောက်အပံ့ကောင်းဖြစ်အောင် ဆောင်ရွက်ကြပါစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းထောက်ပံ့ငွေကျပ် (၂,၉၀၀,၀၀၀) အား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။ အဆိုပါ သင်တန်းသည် ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁၉)တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀) သို့ ရောက်ရှိရာ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော လူနာများအား လိုက်လံကြည့်ရှုအား ပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများထောက်ပံ့ပေး အပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ အမှတ် (၁၉)တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀)မှ တပ်မှူးနှင့် ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံ အုပ်ကြီးတို့က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းသား/သူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှုများအား ဟုမ္မလင်းခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးသိပ္ပံသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ အစားအသောက်များအားထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းရုံးခန်းတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ကျောင်း၏ သင်ကြားရေး၊ အုပ်ချုပ်ရေးနှင့် စားသောက်နေထိုင်ရေး ဆိုင်ရာများကို ဆွေးနွေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသား/သူများ စားသောက်ရေးအတွက် အသုံးပြုရန်ငွေကျပ် (၃,၇၂၀,၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)