မိုးကုတ်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှေ့ရွာကျောင်းကြီးကျောင်းတိုက်မှ ဆရာတော်ထံသို့ နဝကမ္မဝတ္တုငွေနှင့် မီးသတ်ဆေးဘူးလှူဒါန်း
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်မိုး၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးသာဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရှောလီဝိုင်းရပ်ကွက်ရှိ အရှေ့ရွာကျောင်းကြီး ကျောင်းတိုက်မှ ဆရာတော်ထံသို့ သွားရောက်၍ နဝကမ္မအလှူငွေနှင့် 3KG မီးသတ်ဆေးဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။