လပွတ္တာ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ဒုတိယနေ့)အဖြစ် အင်္ဂလိပ်စာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများမှလည်း အောင်ပန်းဝင် စာမေးပွဲများဆက်လက် ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုကြသူ ကျောင်းသား/ကျောင်းသူများအားလုံး စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ များက ကျောင်းပတ်ဝန်းကျင်လုံခြုံရေး ၊ ဆူညံသံများမဖြစ်ပေါ်စေရေး ၊ မီးဘေးလုံခြုံရေး ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို တာဝန်များ ခွဲဝေချထား ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများမှလည်း ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ စာမေးပွဲများကို ဖေဖော်ဝါရီ (၁၃)ရက်နေ့မှ ( ၂၀)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် Grade-5 နှင့် Grade-9 စာမေးပွဲများကိုလည်း ဖေဖော်ဝါရီ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)