သတင်းများ

မိုးနဲမြို့နယ်၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ ၆ ရက်မြောက်နေ့ သံဃာအပါး ၄၁၅ ပါး ဝင်ရောက်ဖြေဆိုမည်
Feb 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက်စုရပ်နေရာနှင့် ရွှေကျောင်းတော်စုရပ်နေရာများ၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်လုံးဆိုင်ရာ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း သံဃာ ၄၁၅ ပါး ဆက်လက်ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု သင်တန်းဖွင့်လှစ်
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု (Digital Literacy) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။
မင်းလှမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉) နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ချောင်းခွကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက ချောင်းခွကျေးရွာ ဒေသခံပြည်သူများနှင့်  တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 15,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 15,2024
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 15,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ရန်အောင်မြင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။