ပြည်ကြီးတံခွန် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်နှင့် ငွေတော်ကျီကုန်းရပ်ကွက်၌ ယနေ့ နံနက်၉နာရီမှ ၁၂နာရီအထိ ဝေဇယန္တာဓမ္မာရုံနှင့် သဟပုညကာရီ ငွေတော်ဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်သည်။
အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၁) ဦးကျော်စိုးဝင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်ပက်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံမဲပေးနည်းများ< လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ စနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ချမ်းမြသာယာ ရပ်ကွက်နေပြည်သူ ၅၀၀ခန့်၊ ငွေတော် ကျီကုန်းရပ်ကွက်နေ ပြည်သူ ၁၂၀၀ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်