ပြည်ကြီးတံခွန် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ.ထ.က(၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်နှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်သန်းထွန်းတို့က အနီးကပ်ကြီးကြပ်ခဲ့ပြီး အ.ထ.က(၂၇)မှ ကျောင်းသား၊ ကျောင်းသူ (၅၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်