မိုင်းပျဉ်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ကျောင်းသင်ခန်းစာပါ ဘာသာရပ်အလိုက်သင်ထောက်ကူပစ္စည်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမတို့က လှည့်လည်ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲဝင်ကလေးများက မိမိတို့ပါဝင်ယှဉ်ပြိုင်ထားမှုများကို ပြန်လင်ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး၊ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားစုံညီပွဲတော်ကျင်းပချိန်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးအထကကျောင်းမှ သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)