ကသာ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများအားတတိယအကြိမ်ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်မှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်လျက်ရှိပြီးတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် နိုင်ငံတော်ထောက်ပံ့ချီးမြှင့်ငွေ နှစ်လစာအတွက်ငွေကျပ် (၄၀၀၀၀)နှုန်းဖြင့် လူဦးရေ(၁၈၀၀)ဦး အတွက် ချီးမြှင့်ငွေ ကျပ် (၇၂၀;၀၀၀;၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၂၆၇၀) ဦးကျော်ရှိပြီး စက်တင်ဘာလ (၁၁) ရက်နေ့ထိ (၁၈၀၀) ဦးအတွက် ချီးမြှင့်ငွေပေးခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ချီးမြှင့်ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက် လျှက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
ကျော်စွာ (ကသာ)