ကလိန်အောင် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191) Stickerများဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဈေးလမ်းဆုံ၊ ကံပေါက်လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝ ဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရန်အရေးပေါ် ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker များနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)