သတင်းများ

ခရမ်းမြို့နယ် တကောကန်ကျေးရွာတွင်ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric များ ကွင်းဆင်းဆောင်ရွက်
Feb 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများ၊ တကောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် တကောကန်ကျေးရွာ ဘုန်းတာ်ကြီးကျောင်းဓမ္မာရုံတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီမှ ပန်းခင်းစီမံချက် (၃) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric များ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Feb 20,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက် ကောက်ကွက်အမှတ်(၀၀၁)၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင် ဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Feb 20,2024
မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ကြုံတွေ့လာလျှင် ထိရောက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
မိုးနဲမြို့နယ်၌ ပြည်တွင်း/ပ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက် စုရပ်နေရာ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပြည်တွင်း/ပဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၄၀)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ(၂၀၂၂-၂၀၂၃) စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေး
Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအား Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှုအား အားပေးကြည့်ရှုရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မြင့်ကျော်က ယခုဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း၊
မိတ္ထီလာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် (191)  စတေကာကပ်နှိပ်ခြင်းနှင့် မီး‌ဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 20,2024
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ နယ်မြေ မီးသတ်စခန်းမှ မီးသတ်တာဝန်ခံတပ်ကြပ်ကြီး ဦးထွန်းညီညီ‌အောင် ဦးဆောင်သောသန္ဓေတပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်က  မေတ္တာ-ထားဝယ်၊ ထီးခီးကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင်    (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ  ထုတ်ချေး
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦးအား မြစိမ်း ရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။