ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ဘီးလင်း စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ပေါက်တောကျေးရွာ၊ ပညာရတနာစာကြည့်တိုက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက် ပုံမှန်ဖွင့်လှစ်ရေး၊ စာအုပ်စာစောင်များတိုးပွားအောင်ဆောင်ရွက်ရေး၊ ရန်ပုံငွေထူထောင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)