ဖျာပုံမြို့၌၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်းထူးချွန် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က(၁)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade (10) လူရည်ချွန် မောင်ကောင်းဇေသန့်အား ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade (10) လူရည်ချွန် မောင်ကောင်းဇေသန့်အား ဂုဏ်ပြုပွဲနှင့်တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့် အမှာစကားပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အ.ထ.က(၁)ကျောင်း Grade (10) လူရည်ချွန်မောင်ကောင်းဇေသန့်အား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ကြသည်။ ထို့နောက် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။ ထို့နောက်ပညာသင်နှစ် Grade (10)လူရည်ချွန် မောင်ကောင်းဇေသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက်အ.ထ.က(၁)ကျောင်း Grade-11 ကျောင်းသား/ ကျောင်းသူကလေးများက"ကျွန်တော့်ရည်မှန်းချက်"သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁)ကျောင်း Grade-(8) ကျောင်းသား/ ကျောင်းသူကလေးများက "အနာဂတ်ကမ္ဘာမြေဖွံ့ဖြိုးစေ"သီးချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး (၄)ဘာသာ ၊(၃)ဘာသာ၊(၂)ဘာသာ၊(၁)ဘာသာ၊ ရိုးရိုးအောင် ကျောင်းသား/ ကျောင်းသူများအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးကြ​ပြီး အ.ထ.က(၁)ကျောင်း Grade-10 ကျောင်းသား/ ကျောင်းသူကလေးများက"ဇာတိမာန်" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြ ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)